Featured Posts

    .
Loading...

Facebook သုံးသူတိုင်းဖတ် ရန်

Facebook သုံးသူတိုင်းဖတ် ရန်
***********************

ဒီ ရက်ပိုင်းမှာ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်လောက် Facebook
သုံး ရင်း ပြဿနာတစ်ခု တက်ကြတယ်ဗျ။ အဲ့ ပြဿသနာကလည်း
အကြီးကြီးနော် .. ဂုဏ်သိက္ခာကို တော်တော် ထိခိုက်စေတယ်ဗျ။

အဲဒါ ဘာ ပြဿသနာလည်းဆိုတော့..ဒီလိုဗျ..ကျွန်တော့်
သူငယ်ချင်း မိန်းကလေးတွေက သူ့တို့လည်း Facebook
သုံးတဲ့သူတွေ လုပ်နေကြ သဘာဝအတိုင်း ဓာတ်ပုံတွေရိုက် ..
ကိုယ့် ရဲ့ Friends တွေကို tag တွေထိုး …ပုံတွေကို share
ကြတာပေါ့…

အဲသူတို့ရဲ့ ph နံပါတ်တွေကိုလည်း တစ်နေရာရာမှာ share
လိုက်တာတို့ …တင် လိုက်တာတို့ ..လုပ်မိတယ်ထင်တယ်ဗျ…
အဲမှာစတာပဲဗျာ…
ဘယ်သူကမှန်းမသိ page တစ်ခုထောင်ပြီး ကျွန်တော့်
သူငယ်ချင်းရဲ့ ပုံတွေကို သူတို့ရဲ့ profile ကနေပြီး download
လုပ် သူ့ရဲ့ page မှာတင် ကျွန်တော့်သူငယ်ချင်းတွေရဲ့ ph
နံပါတ်ကိုလည်း သူ့ရဲ့ page မှာတင်ပြီး….မ ကောင်းတာတွေ
လျှောက်လုပ်ပါလေရော…အဲဒီ့ နှမချင်းမစာနာကောင် က သူ့ရဲ့
page ကို ပြည့်တန်ဆာ page လိုမျိုး လုပ်ထား…ပြီးတော့
ကျွန်တော့် friend မိန်းကလေးရဲ့ နံမည်..ဖုန်းနံပါတ်တွေတင်…ပုံတွေတင်…လျှောက် share တော့…
သေ ရော…ကျွန်တော့် Friend ကို ဖုန်းတွေ ဆက်ပါလေရော…
တစ်နေ့ကို ဖုန်း ၁၀ ခါပဲ ဆက်ပါဦးဗျာ…ခံရတဲ့ ကာယကံရှင် က ဘယ်လိုနေမလဲ…
လုပ်တဲ့သူကလည်း ဘယ်သူမှန်းမသိ…
တိုင် လို့ လည်းမရ…ပြီးတော့ ဆက်တဲ့ ph ကလည်း အကောင်းပြောမယ့်သူတွေ ဆက်တဲ့
ဖုန်းမဟုတ်တော့ ခံရတဲ့
ဲ့သူက တော်တော်ခံရတယ်ဗျ…ဂုဏ်သိက္ခာလည်း တော်တော်
ထိခိုက်သွားပြီ….မသိတဲ့သူတွေကတော့…ကျွန်တော့်firendကို
ိုတစ်မျိုးထင်ကြ တော့မယ်ဗျ…

ပြီးတော့ နောက်တစ်ခုသတိထားရမှာက Facebook မှာ
account name ကို တူအောင်ပေးလို့ရတယ်ဗျ….ဥပမာ
နံမည်တစ်ခုကို ရှာလိုက်ဗျာ …အဲ့နံမည်နဲ့ account တွေ
ွအများကြီး ထွက်လာလိမ့်မယ်ဗျ.. ကဲဒီတော့ friend တို့ကို မကောင်းတာလုပ်ချင်တဲ့သူက friend တို့ နံမည်နဲ့ account လုပ်လိုက်မယ်ပဲထား…ပုံတွေကိုလည်း friend profile ကနေပြီး
download လုပ်ပြီးပြန်ထည့်မယ်ဗျာ…ပြီးရင် အဲ့ account နဲ့
မ ကောင်းတဲ့ page တွေကို like လုပ်မယ်…မဟုတ်တဲ့ status တွေကိုရေးမယ်ဆိုရင်…ကဲ ဘယ်လိုလုပ်မလဲ… ဘယ်မှလည်း
တိုင် လို့ မရ… ဘယ်သူမှန်းလဲမသိ…..

အဲလိုမျိုး ကြုံလာမှာဆိုးလို့ Friend တို့ကို သတိပေးချင် လို့ဒါလေးကို
ရေးလိုက်တာပါဗျာ….ကာကွယ်ခြင်းသည် ကုသခြင်းထက်
်ကောင်းတယ်လို့…စကားပုံတောင် ရှိတယ်မလား… အဲတော့
ဒီလိုမျိုး မကြုံရအောင်..ကိုယ့်ကို Friend request လာလုပ်ထားရင်
သူ့ရဲ့ profile ကို သေချာစစ်..ဘယ်သူလဲသိမှ လက်ခံပေါ့နော်…
ပြီးရင် ကိုယ့်ရဲ့ privacy ကိုထိခိုက်နိုင်မယ့်…status တွေမတင် မိ
စေနဲ့ပေါ့နော်…ဥပမာ..ဖုန်းနံပါတ်တို့ လိပ်စာတို့ပေါ့…. Chat box
တွေမှာလည်း ကိုတစ်ကယ် မသိရင် မပြောတာ ကောင်းပါတယ်ဗျာ….

တစ်ကယ်လို့ အဲလိုမျိုး အလုပ်ခံရမယ်ဆိုရင်…Facebook ကို
report တင် လို့တော့ရတယ်ဗျ..အဲ့ account က ဒီလို
လုပ်နေပါတယ်လို့…. ကျွန်တော့်သူငယ်ချင်းတစ်ယောက်က
တော့ Facebook က သူ့ကို လုပ်တဲ့ account ကို block
လုပ်ပေးလိုက်လို့ သက်သာရာရသွားတယ်… ဒါပေမယ့်
အဲ့လို့မျိုး Facebook ကblock ပေးတာကpercent တော်တော်နည်းတယ်ဗျ…

ကဲ Friend တို့ တစ်ခြား Friend တွေကိုလည်း သိရအောင်
share ပေးပါနော်..သတိလည်းထားပေါ့ဗျာ..သတိထားတာ
မမှားပါဘူး….

အားလုံးပဲ Facebook မှာ ပျော်ပျော်ရွှင်ရွှင် အန္တရာယ်
ကင်းကင်းနဲ့ ပျော်မွေ့နိုင် ပါစေနော်…

author

This post was written by: Author Name

Your description comes here!

Get Free Email Updates to your Inbox!

Post a Comment

CodeNirvana
© Copyright A1
Back To Top