ကြက်သား ဒန်ပေါက်
ကြက်သား ဒန်ပေါက်
ကြက်သားကို အကောင်လိုက် ရေစင်ကြယ်စွာဆေး၍ လေးစိတ် စိတ်ပြီး ဇလုံတစ်ခုထဲသို့ ထည့်ပါ။ နှပ်ထားရန် ဆား၊ဆနွင်းမှုန့်၊ ဒန်ပေါက်မာဆလာ၊ဒိန်ချဉ်၊ငရုတ်သီးအရောင်တင်မှုန့်၊ လေညှင်း၊ ဖာလာစေ့ ၊ဇာပွင့် ၊ကလာဝေရွက်၊ သစ်ဂျပိုး၊ဇီယာ၊ဇီယာမှုန့်၊ နံနံစေ့မှုန့်နှင့် ငရုတ်ကောင်း တို့ကို ထည့်ပြီး ရောနယ်ထားပါ။ ကြက်သွန်ဖြူနှင့်ဂျင်း ထောင်းပြီး အရည်ညှစ်ထည့် ပါ။ ကြက်သားများကို နှံ့အောင် ရောနယ်ပြီးလျှင် အနည်းဆုံး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နှပ်ထားပေးပါ။ တညလောက် နှပ်ထားလျှင် ပိုပြီးကောင်းပါသည်။
ဒန်ပေါက်ဆန်ကို ရေစင်ကြယ်စွာ ဆေး၍ နာရီဝက်ခန့် ရေစိမ်ထားရမည်။ ရေစိမ်ပြီးလျှင် ဆန်များကို ရေပြန်စစ်ထားပေးရပါမည်။ပြီးလျှင် ရေဆူဆူထဲတွင် ဆန်များကိုထည့်ပြီး ချက်ပါ။ ရေနွေးဆူလာလျှင် ဆန်များကို ထည့်၍ မွှေပေးပါ။ ဆန်များ တ၀က်ကျက်ပြီး အနည်းငယ် စင်းလာလျှင် ဇကာဖြင့် ရေ ပြန်စစ်ထားပေးရပါမည်။
ကြက်သွန်နီ များများကို ပါးပါးလှီးပြီး ဆီ၊ ထောပတ် နှင့်နီလာအောင် ကြော်ပြီး ဆီစစ်ထားပါ။ စစ်ထားသော ထမင်းနှင့် နှပ်ထားသောကြက်သားများကို တစ်လွှာစီ ထည့်ပါ။ အပေါ်မှ ကြက်သွန်ကြော်များကို ဖြူးပေးပါ။ပဲသီးစိမ်း၊ စပျစ်သီးခြောက်နှင့် သီဟိုစေ့များလည်း ထည့်ပါ။ ထို့နောက် ကြက်သားစိမ်ထားသော ဒိန်ချဉ်ရည် ဖျန်းပေးပါ။တခါ ထမင်း တစ်ထပ် ထပ်အုပ်ပါ။ထမင်းကျန်သေးလျှင် အထက်ပါနည်းအတိုင်း ဆက်လုပ်ပါ။ Natural Red/Yellow food colour အနည်းငယ်ကို အရည်ဖျော်၍ ထမင်းနှင့် ကြက်သားတစ်လွှာဆီထပ်ပြီးတိုင်း အပေါ်မှအနည်းငယ် တောင့်ပေးပါ။
ထမင်း ထည့်၍ ကုန်လျှင် ချက်ပြီးဆီ၊ ထောပတ်ဆီများကို နှံ့ အောင်လောင်းထည့် ပြီး အပေါ်မှ single cream (သို့)နွားနို့ အနည်းငယ် တောက်ပေးပါ။အပေါ်မီး အောက်မီးဖြင့်
မီးအပူချိန် Oven ၁၈၀ ဒီဂရီထားပြီ ၃၀ မိနစ် (သို့) ၄၀ မိနစ်ခန့် နပ်အောင် နှပ်ပါ။ အငွေ့ထွက်လာလျှင် မီးလျှော့၍ မီးအေးအေးဖြင့် နှပ်ထားပါ။ ထမင်းများနပ်ပြီး အိလာလျှင် သုံးဆောင်လို့ရပါပြီ။
ချဉ်ပေါင်နှင့်ရုံးပတေသီးဟင်းချို၊ သခွါးသီး၊ကြက်သွန်နီ၊ပူစီနံ၊နံနံပင်၊ ငရုတ်သီးစိမ်းနှင့် သံပုရာသီးတို့ ညှစ်ပြီး နယ်ထားသောအချဉ်၊ သရက်သီး သနပ် တို့ဖြင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
ဒေါ်ပု လက်ရာ
ကြေးအိုး ချက်နည်း
ကြေးအိုး ချက်နည်း
ကြေးအိုးက ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။
စိတ်မပူပါနဲ့။ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။ တထပ်တည်းမကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။
ပါဝင်သော ပစည်းများ
၁။ ကြက်ရိုး (သို.မဟုတ်) ၀က်ရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၎၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ
ဟင်းရည်
အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊
သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့်.... ဂျင်း၊ တရုပ်နံနံ လုံးဝ မထည့်ရ။
အသားနှင့် အရွက်များ ပြင်ဆင်ခြင်း
၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ
( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊
၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊
၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)
၎၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား
၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊
၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊
နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း
နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊
ပွဲပြင်နည်း
- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ
အချဉ်ရည် ပြင်ဆင်နည်း
ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။
Credit to ချက်ကြီးတို့မီးဖိုချောင်
ကြက်သားဆာတေးလုပ်နည်း
ကြက်သားဆာတေးလုပ်နည်း။
*********************
၁။ကြက်သား-၂ပေါင်(သို့)ရင်ဘုံ
၂။ဆာတေးဒုတ်-၁ထုပ်
၃။ကြက်သွန်နီ/ဖြူ -၂ဇွန်း
၎။နနွင်းမှုန့်-၁ဇွန်း
၅။ချင်း-၁ဇွန်း
၆။သံပုရာရည်-၂ဇွန်း
၇။သကြား-၁ဇွန်း
၈။ပဲငံပြာရည်-၂ဇွန်း
၉။အသားမှုန့်အနည်းငယ်။
၁၀။ငံပြာရည်-၂ဇွန်း
၁၁။ဆီ-၂ဇွန်း(Tbs)
၁၀။မဆလာ-၂ဇွန်း(သို့)နံနံစေ့၁ဇွန်းထမင်းစားပွဲတင်ဇွန်း၊ဇီယာ-၁ဇွန်းလက်ဖက်ရည်ဇွန်းနဲ့ပါ။နံနံစေ့ကို၁မိနစ်ခန့်လှော်ပြီးဇီယာထည့်လှော်ပါ။အနံ့မွှေးရင်ထောင်းပြီးပဲငံပြာရည်၊ငံပြာရည်၊ဆီ၊ကြက်သားနဲ့နှယ်ပြီး၁နာရီခန့်(သို့)တညနှပ်ထားပါ။ရေခဲသေတ္တာထဲနှပ်ထားနိုင်ပါတယ်။
ဆာတေးဒုတ်တွင်ထိုး၍non-stickအိုးတွင်ဆီအနည်းငယ်ဖြင့်ကင်ပါ။
ဆာတေးဆော့စ်လုပ်နည်း။
*******************
၁။ပဲငံပြာရည်-၃ဇွန်း(3 Tbs)
၂။ချင်း-၁ဇွန်း
၃။အုန်းနို့ခရင်မ်(သို့)ဆီ-၂ဇွန်း(Tbs)
၎။ငြုပ်သီးအနီအမှည့်တောင့်(သို့)အခြောက်တောင့်အစပ်ကြိုက်သလောက်။
၅။သံပုရာသီး-၁လုံးအရည်
၆။ကြက်သွန်ဖြူ -၁ဇွန်း
၇။ကြက်သွန်နီ-၁လုံး(shallot)
၈။မြေပဲမှုန့်-၅ဇွန်း(သို့)Peanut butter-5 tbs
၉။သကြားအညို-၂ဇွန်း(Tbs)
၁၀။ရေနွေး-၁ခွက်
ချင်း၊ကြက်သွန်ဖြူ /နီ၊ငြုပ်သီးတို့ကိုထောင်းထားပါ။
ဆာတေးဆော့စ်လုပ်ရန်။
*****************
ဒယ်အိုးထဲဆီ(သို့)အုန်းနို့ခရင်မ်ကိုအပူပေးပါ။ပြီးနောက်ထောင်းထားတာနဲ့ဆီသတ်ပါ။မီးအရှိန်လျှော့ထားပါမြေပဲထော်ပတ်(သို့)မြေပဲမှုန့်၊ပဲငံပြာရည်၊သံပုရာရည်၊သကြား၊ရေနွေးတို့ထည့်ပြီးဆူအောင်တည်ပါ။ဆီပြန်ပြီးဆော့စ်ရည်မပျစ်မကျဲဆိုအပေါ့အငံမြည်းပြီးကြက်သားဆာတေးကင်နဲ့အရသာရှ်ိရှိသုံးဆောင်လို့ရပါပြီးရှင့်။
မှတ်ချက်။ချက်ပြီးသားဆော့စ်ကိုအေးအောင်ထားပြီးကြိတ်စက်ဖြင့်ညှက်အောင်ကြိတ်ပေးပါ။မကြိတ်လည်းရပါတယ်ရှင့်။
Sabeedar Sofee
ကြက်သားပလာတာ
ကြက်သားပလာတာ
===========
ကြက်သားအတုံးသေးလေးတွေတုံး
ဆား/သကြား/မဆလာ/ငါးငံပြာရည်
ငရုတ်ကောင်းနဲ့နယ်။မိနစ်၃၀ခန့်နှပ်ထား။
ကြက်ဖြူ ၊ကြက်နီ၊ငရုတ်ခွဲခြမ်းတို့ကို
ညှက်အောင်ထောင်း(blender ထဲမွှေ)
ဆီပူထဲနံနွင်းမှုန့်ထည့် /ကရဝေး/သစ်ဂျပိုးခေါက်
နံနံစေ့အမှုန့်(မပါလည်းရတယ်။မဆလာထည့်ပြီးသားဆိုတော့)
တို့ကို အရင်ကြော်ငရုတ်နှစ်ကိုထည့်အရောင်လှ ၊အနံ့သင်းရင်ကြက်သားထည့်ဆီပြန်အောင်ကြော်။
အခု...ကုလားပဲခြမ်းနဲ့လုပ်ထားတယ်။
လွယ်လင့်တကူဖြစ်လုပ်စားရင်
ပဲစိမ်းမှုန့်ကို ရေနဲ့ဖျော်လည်းစားကောင်းသား။
သူ့ကိုဖျော်ရင် ကြက်နီလေးပါးပါးရိတ်၊ဆီလေးထည့်ပြီးပွက်အောင်တည်ထားပေးပါ။ပဲစိမ်းနံ့နံမှာစိုးလို့။
ကုလားပဲခြမ်းကိုချေ ..
အာလူးကိုအစိပ်ကလေးစိပ်ပြီးဆားနဲ့စိမ်ထား
မဲသွားမှာစိုးလို့ ဆီပြန်နေတဲ့ ကြက်သားထဲ
အာလူးစိပ်လေးတွေထည့်ကြော်
အာလူးအသားလေးတင်သွားရင်
ချေထားသည့်ပဲထည့်..
ရေကျက်နွေးလိုသလောက်ထည့်ကာ
တစ်ပွက်ဆူထား
အပေါ့ငန်မြည်း(မဆလာနည်းနည်းလေးထပ်ထည့်)အနံ့လတ်အောင်
ပလာတာကို မိသားစုစားရင် ကတ်ကြေးနဲ့မဟုတ်ပဲလက်နဲ့ဖွာပေးပါ။ အများစာဆိုရင်တော့ကတ်ကြေးသုံးပေါ့
ကြက်သနှီး
********
ဂေါ်ဖီ၊ကြက်နီပါးပါးလှီး၊ရေဆေး၊စစ်
ငရုတ်စိမ်း/နံနံပင်/သံပုရာရည်/ဆား/သကြားထည့်ကာနယ်။
အာလူး၊ပဲကြိုက်သူများအတွက်
ကြက်သားပလာတာ ၊ကြက်သနှီးအချဉ်လေးနဲ့
စားလို့ရပါပြီ။
Root ဖေါက်ခြင်း ဆိုင်ရာ သိထားရမည့် ဝေါဟာရ များ
Root ဖေါက်ခြင်း ဆိုင်ရာ သိထားရမည့် ဝေါဟာရ များ
Root ဖေါက် တဲ့ လောကထဲကို ဒိုင်ဗင်ပြစ်ဝင်လိုက်ပြီဆိုတာနဲ့ သင်ရဲ့ Phone တွေ Tablet တွေက သင့်ရဲ့ကြိးစားအားထုပ်မှု လွှမ်းမိုးသွားပြီလို့  ခံစားမိသလိုဖြစ်လာပါမယ်။ Forum တွေထဲဝင်ရောက်မွှေ နှောက်ပြီးလိုချင်တာတွေရှာဖွေတော့မယ်။ ဒီနေရာမှာ ပထမဆုံး ရင်ဆိုင်ရမဲ့ပြသနာက သင်နဲ့ ဘယ်လိုမှမရင်းနှီးတဲ့ စကားလုံးတွေဖြစ်ပါတယ်။ ROMs, Kernels, Nandroids, TAR images
ဆိုတဲ့စကားလုံးတွေက သင့်ကို ခေါင်းကိုက်စေမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မြန်မတို့ အတွက် ဗဟုသုတ ဆိုက်ကနေ ဒီစကားလုံး စိမ်းတွေနဲ့  ကြွမ်းဝင်အောင် မိတ်ဆက်ပေးလိုက်ပါတယ်။
1) Root - ဆိုတာဟာ သင့်ရဲ့ Phone သို့ မဟုပ် Tablet ကို သင့်ကိုတိုင် အပြည့်အဝ ထိပ်းချုပ် လုပ်ကိုင်ခွင့်ရအောင် ကြိုးပန်းလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ကို ခေါ်တာဖြစ်ပါတယ်။ Phone တို့  တို့ ကိုဝယ်လိုပ်ပြီဆိုရင် စက်ရုံကစထုပ်လိုက်ထဲက ပါလာတဲ့ Files တွေ System တွေ ပါလာတာဖြစ်လို့ ဒီအထဲကိုဝင်ရောက်လို့ မရအောင်စီမံထားတာတွေပါရှိတယ်။ ဒါကြောင့် ဒီ Files တွေ System ထဲကိုဝင်လို့ ရအောင်ကြိုးစားပြီး သင်လိုသလို ပြန်လည်ပြုပြင်ရန် မလိုအပ်တာတွေကို ဖျက်ခြင်း အစားထိုးခြင်း လုပ်ဆောင်တာကို Root ဖေါက်တယ်လို့  ခေါ်တာဖြစ်ပါတယ်။
2) Bootloader - သင့်ရဲ့ဖုန်းကို Root မဖေါက်ခင် Bootloader ကိုသင် သောရင်ဖွင့်မှာဖြစ်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ သင့် Android Operation System ပြန်တက်မလာခင်မှာ ဒီ Bootloader က အတွဲလိုက်ရှိနေတဲ့ Code တွေကိုလိုသလိုစီမံဆောင်ရွက်ပေးရမှာဖြစ်လို့ပါဘဲ။ ဒီ Bootloader ရဲ့ Code တွေဟာ Android Model တစ်ခု့ ခြင်းစီကို တိတိကျကျ သတ်မှတ်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Bootloader ဆိုတာကတယ်တော့ သော့ ပါဘဲ ဖုန်းတွေကိုထုပ်လုပ်လိုက်တဲ့ ကုပ္ပဏီတွေဟာ သူတို့ ထဲ့သွင်းထားတဲ့ Software နဲ့  Hardware တွေကို ကလိမှာ လက်ဆော့မှာကို မလိုလားတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ Bootloader ကိုသောဖွင့်လိုက်ခြင်းဖြင့် ဖုန်းထဲမှာပါတဲ့ Firmware ကိုသင်လိုသလို ကလိလို့ရမှာဖြင်ပါတယ် သို့ မဟုပ် သင်သုံးလိုတဲ့ Firmware နဲ့  လိုသလို အစားထိုးပြောင်းလဲပြစ်လို့ ရမှာဖြစ်ပါတယ်။ အထူးသတိထားရမှာကတော့ Bootloader ကိုသော့ဖွင့်လိုက်တဲ့အတွက် ဖုန်းထဲမှာသိမ်းထားတဲ့ အချက်တွေအားလုံးကို ဖျက်ပြစ်မှာဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ပုံတွေ တေးသချင်းတွေ Data တွေကိုအရင် သိမ်းရမှာဖြစ်ပါတယ်။
3) Recovery - နောက်တစ်ခုက Bootloader ကို သော့ဖွင့်ပြီးလို့  Root ဖေါက်ပြီးသွားရင် သင့်ဖုန်းကို Recovery လုပ်ဖို့ လိုပါတယ် Recovery ဆိုတာကတော့ Android Operation System နဲ့  အနည်းငယ်မူကွဲတဲ့ Software အစိတ်ပိုင်းအချို့ ဖြစ်ပါတယ်။ သူ့ ရဲ့ရည်ရွယ်ချက်ကတော့ Android OS ရဲ့ အဆင့်အတန်းလုပ်ကိုင်နိုင်မှု ကို အသုံးပြု ပြီး Data တွေကို ပြန်ဖျက်ဖို့ စသင့် အခြားလိုအပ်တာတွေကို ပြောင်းလဲပြစ်နို င်ဖိုဖြစ်ပါတယ်။ Recovery ကိုထားရခြင်းဟာ သူ့ ရဲ့လုပ်ဆောင်နိုင်တဲ့အသုံးဝင်မှုတွေကို ကန့် သန့် လိုက်တာဖြစ်ပါတယ် အဲဒါတွကတော့ သင့်ရဲ့ဖုန်းမှာ Root ဖေါက်ခြင်း Hacking ပိုင်းဆိုင်ရာလုပ်ဆောင်ခြင်း နဲ့  သင့်လိုသလို ပြုပြင်မို့ မန်ခြင်းတို့  အတွက်ဖြစ်ပါတယ်။
“Custom Recovery” ဆိုတာဟာ Clockwork Mod Recovery ကဲ့သို့ အလားတူလုပ်ဆောင်မှုမျိုးဖြစ်ပါတယ်။ ဒီလို Recovery လုပ်ဆောင်ပေးတာဟာ သင် Backup လုပ်ဖို့  အတွက်မျာစွာအထောက်ကူဖြစ်စေပါတယ်။
4) Backup / Nandroid - ဆိုတာက Custom Recovery ကို Install လုပ်ပြီးတဲ့နောက် သင့် Backup လုပ်ချင်ပါလိပ်မယ် ဒါကို Nandroid လို့ လဲခေါ်တာကိုသိထားရန်လိုပါတယ်။ Nandroid ဆိုတာအရှင်းဆုံးပြောရရင်သင့်ဖုန်းထဲက Data တွေကို မပျက်စည်း မပျောက်ပျက်ခင် ကြိုသိမ်းထားတာကိုပြောတာဖြစ်ပါတယ် ဒါတွေဟာ သင့်ဖုန်းထဲက Data, apps , setting , SMS messages နဲ့  အခြားသောအချက်လက်ပေါင်းများစွာ ပါဝင်ပါတယ်။ ဒါတွေကို ကြိုတင်သိမ်းစည်းထားခြင်းကို Backup သို့ မဟုပ် Nandroid လိုခေါ်တာဖြစ်ပါတယ်။
5) Wipe - ဆိုတာသင် Backup လုပ်ပြီးသွားရင်တော့ Data ပြောက်မှာဘာညာ မပူရတော့ပါဘူး ဒါပေမဲ့ Backup File ကို Datele အလုပ်မိဖို့ တော့အရေးကြီးပါတယ် ဒါကိုတော့သတိထားပါ။ ဒီတော့ ခုသင်အနေနဲ့  Data တွေကို Backup လုပ်ထားပြီးသားဖြစ်လို့  သင့်ဖုန်းကို သင် ရဲရဲတင်းတင်း Wipe လုပ်လို့  ရပါပြီ Wipe ဆိုတာ Delete ပါဘဲ သို့ သော်လည်း စက်ရုံကမူလထဲ့ထားပေးတာတွေကို ဖျက်တဲ့နေရာမှာ အသုံးများပါတယ် သင့်အနေနဲ့  အင်္ဂလိပ်စာကို အတော်လေးတီးခေါက်မိရင် သဘောပေါက်မှာပါ။ ဒီလို့  စက်ရုံကမူလပါလာတဲ့ Data တွေကိုဖျက်ဖို့  Custom Recovery ကို Install လုပ်ပြီး ၎င်းမှတဆင့်ဖျက်ရတာဖြစ်ပါတယ် ဒါကို Wipe လုပ်တယ်လို့  ခေါ်ပါတယ်။
6) Flashing - ဆိုတာကတော့ Software အချို့  ကိုသော်၎င်း Code အချို့ ကိုသော်၎င်း Install ပြုလုပ်တာကိုပြောပါတာ။
7) Flashable ZIP - ဆိုတဲ့စကားလုံးဟာ သင့်ဖုန်းထဲက Software တွေကို ပြောင်းလည်းပြစ်နိုင်ဘို့  Custom Recovery မှတဆင့် Flash လုပ်ထားသော သို့ မဟုပ် Install လုပ်ထားသော File ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါဟာသဘာဝပါ ZIP File တွေမှာပါလာတဲ့ Code တွေ Line တွေကိုပြန်လည်ပြု ပြင်ပေးနိုင်သော Software ဖြစ်ပါတယ်။ Flashable ZIP ဟာ ROM, Kernal, Radio, Mod တို့ အပြင်အချားများစွာသောအရာများကို Flash လုပ်ဖို့ အသုံးပြုနိုင်တဲ့အရာဖြစ်ပါတယ်။
8) Firmware ဆိုတာဟာ အသေတပ်ဆင်းပေးထားသော Software Program ဖြစ်ပြီး သူဟာ Read-Only Memory ဖြစ်တာကြောင့် သင့်အနေနဲ့ ပြု ပြင်ပြောင်းလဲပြစ်ဖို့ မဖြစ်နို င်ပါဘူး။ ဖုန်းထဲမှာ မူလက Install လုပ်ထားတဲ့ Jelly Bean , ICS, Froyo တို့  Gingerbread တို့ ကိုဆိုလိုတာဖြစ်ပါတယ်။ ဖုန်းအားလုံးမှာ သူတို့ ရဲ့ မတူညီတဲ့ Firmware များထည့်သွင်းထားပါတယ်။ အသေးစိတ်သိလိုပါက Wiki Link မှာသွားရောက်ကြည့်နိုင်ပါတယ်။
9) ROM - ဆိုတာဟာ အဓိကကျတဲ့ Firmware သို့ မဟုပ် သင့်ရဲ့ဖုန်းလယ်ပါတ်အလုပ် လုပ် နိုင်အောင်ထဲ့သွင်းပေးထားတဲ့ Operating System ဖြစ်ပါတယ်။ ဥပမာ သင်နားလယ်လွယ်အောင် ပြောရရင် ကွန်ပျူ တာတွေလယ်ပါတ်နိုင်အောင် ထဲ့သွင်းပေးထားတဲ့ Windows 7 တို့  Apple ကွန်ပျူ တာ တို့  လယ်ပါတောင်ထဲ့ထားပေးတဲ့ Mas OSX တို့ လို သင့် ဖုန်းအလုပ် လုပ်အောင်ထဲ့သွင်းပေးထားတဲ့ Operating System ဖြစ်ပါတယ်။ ဒီ ROM ထဲမှာ System Apps အားလုံးကိုထဲသွင်းပေးထားတာ ဖြစ်ပါတယ် ( Message, email, phone စသဖြင့် အစိတ်ပိုင်းထားလုံးကို ဆိုလိုတာဖြစ်ပါတယ်) Launcher, Notification Bar အစစအရာရာ ပါဝင်နေတာကို ROM လို့ ခေါ်တာဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် ရှိသမျှ Data တွေ ထဲ့ထားသမျှ Software တွေဟာ ROM ထဲမှာသာရှိတာဖြစ်ပါတယ်။ ဒီ ROM ဟာသင်ဖုန်းစဝယ်လာစဉ်က ပါလာတဲ့ မူးရင်း ROM ဖြစ်ပါတယ်။ ၎င်း ROM ကို Stock ROM ဟုခေါ်ပါတယ်။
10) Custom ROM ဆိုတာကတော့ Android Developer များ သို့ မဟုပ် Hacker များက မိမိ စိတ်ကြို က် ROM ကို မူလ Stock ROM နေရာမှာ အစားထိုးထည့်သွင်း အသုံးပြု သော ROM ကို Custom ROM ဟုခေါ်တာဖြစ်ပါတယ်၊ စာဖတ်သူဟာ Android Developer တစ်ယောက်ဖြစ်မည်ဆိုပါက သင်လည်းအလားတူ ROM ကိုပြောင်းလည်းအသုံးပြု မည့်သူဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
11) Kernel - ဟာ ROM နဲ့ မတူပါဘူး Kernel ဟာသင့်ရဲ့ဖုန်းကို ကြည့်ရှု ခံစားရန်ဘာကိုမှာပြောင်းလဲပြစ်လို့ မရပါဘူး ဒါပေမဲ့ စကားပြော လို့ ရအောင် လိုအပ်တဲ့ Code Line တွေကိုအောက်ခြေမျက်နှာပြင်ရဲ့အောက်ဆုံးမှာ ထည့်ထားပေးတာ ဖြစ်ပါတယ်။ ဒါဟာ Software က Hardware ကိုဘယ်လိုဆက်သွယ် တုံ့ ပြန် ရမယ်ဆိုတာကို ပြောတဲ့အပိုင်းဖြစ်ပါတယ်။ Custom Kernel တစ်ခုဟာ Developers တွေကနေအသစ်လုပ်ဆောင်မှု့ မှန်သမျှအားလုံး လုပ်ဆောင်နိုင်ရန် Code တွေကိုထဲ့သွင်းပေးထားတဲ့ Kernel တစ်ခုဘဲဖြစ်ပါတယ်။ သူတို့ ဟာ ဖုန်း Processor တွေရဲ့ Speed တွေပိုမိုမြင့်လာအောင်ပြုလုပ်ဖို့  Code တွေထဲသွင်းတာမျိုး သို့ မဟုပ် ဖုန်းကိုအသုံးမပြုတဲ့အခါမျိုးမှာ ဘက်ထရီ ကိုအားမကုန်ရအောင်ထိမ်းချုပ်ပေးတာမျိုးတွေကိုလုပ်ဆောင်ပါတယ်။ Kernel ဆိုတာဟာ တကယ်တော့ Software တွေရဲ့အသက်ပါဘဲ။ Tar Images or Zimages လို့ ခေါ်တဲ့ ဖိုင်တွေ Custom Recovery တွေကို Flash လုပ်ပေးနိုင်ပါတယ်။
12) Radio / Basebands / Modems - ဆိုတာတွေကတော့ Firmware တစ်ခုပါဘဲ သူဟာသင့်ရဲ့ဖုန်းကို Wireless Network နဲ့ ချိတ်ဆက်ပေးပါတယ်။ ဒီ Firmware ဟာဆိုရင်ဖုန့် ရဲ့အောက်ခြေပိုင်း ဆိုင်ရာလုပ်ဆောင်မှုတွေကို အခြေခံအားဖြင့်ထိမ်းချုပ်ပေးပါတယ် ဘာတွေကိုထိမ်းချုပ်ပေးသလဲဆိုရင် ဖုန်းခေါ်ဆိုမှု့  Wi-Fi နဲ့ GPS ဆက်နွယ်ချိပ်ဆက်ပေးမှု့  တို့ ဖြစ်ပါတယ်။ Radio သို့ မဟုပ် Modem စသဖြင့် အစိတ်ပိုင်းများကို မကြာခဏဆိုသလို Update ပြုလုပ်ပေးပါတယ်။ Radio သို့ မဟုပ် Modem တို့ ရဲ့ Firmware ဟာဆိုရင် Device တစ်ခုခြင်းစီကို Custom Recovery မှတဆင့် Flash လုပ်ခြင်းနှင့် အခြားလုပ်ဆောင်မှု့ တွေကို အလွန်ဘဲတိကျစေပါတယ်။
13) Mod - ဆိုတာကတော့ ဖုန်းထဲမှာရှိတဲ့ Software တွေကိုရိုးရိုးရှင်းရှင်း ပြန်လည်ပြု ပြင်တာဖြစ်ပါတယ်။ ဖုန်းရဲ့အသွင်အပြင် ပြောင်းလည်းခြင်း သို့ မဟုပ် အသုံးဝင်မဲ့ Software တွေထပ်ပေါင်းထဲ့ခြင်းတို့ ပါဝင်နိုင်ပါတယ် ဥပမာ ဖုန်းထဲက နာရီကို နေရာပြောင်းလဲပေးခြင်း SMS နဲ့ ပါတ်သက်ပြီးအရောင်ပြောင်းလည်းပေးခြင်း တို့ ဖြစ်ပါတယ်။ တကယ်တော့ Custom Recovery ထဲမှာ Flash လုပ်ပေးနိုင်တဲ့ Zip File အမျိုးစားဖြစ်ပါတယ်။
14) Brick - ဆိုတာက Root ဖေါက်လိုက်လို့ ဘဲဖြစ်ဖြစ် Flash လုပ်လိုက်လို့ ဘဲ ဖြစ်ဖြစ် ရရှိတပ်တဲ့ ဆိုးကျိုး ဖြစ်ပြီး သင့်ဖုန်းဟာ ဖွင့်လို့ ပြန်တက်လာတော့တာ ပါဘူး ပြောရရင်တော့ သင့်ဖုန်းဟာ ဖွင့်ခါစမှမီးလင်းတာကလွဲလို့  အလုပ်မလုပ်တော့ပါဘူး။ ဒီလိုဖြစ်ရတာကတော့ Root ဖေါက်ထားတဲ့ ဖုန်းတစ်လုံးအနေနဲ့  လုပ်ဆောင်စရာရှိတာတွေကို အဆင့်ဆင့်လုပ်ဆောင်ရမဲ့နေရာတွေမှာ လိုက်နာမလုပ်ဆောင် မိလို့  ဖြစ်တာဖြစ်ပါတယ်။ သင့် ဖုန်းမှာ Brick ဖြစ်ခြင်းရဲ့ အဖြစ်နိုင်ဆုံးအလားအလာကတော့ Root ဖေါက်ပြီးနောက် Mod လုပ်တဲ့အခါဖြစ်တပ်တဲ့ ပြဿ နာ များဖြစ်ပါတယ် သို့ သော်လည်း အလွန်ဖြစ်တောင့်ဖြစ်ခဲ့ ပါတယ် ဒီအပြင်အကြောင်းကတော့ လုပ်ဆောင်စရာရှိကိုသေချာလိုက်နာပြီး မလုပ်ဆောင်လို့ ဖြစ်တာလည်း ဖြစ်ပါတယ်။
15) Superuser (SU) - သင်ဟာ Root ဖေါက်တဲ့အခါမှာ မှန်မှန်ကန်ကန် နဲ့  လုပ်ဆောင်ရမှာတွေကို အဆင့်ဆင့် လုပ်ဆောင်နိုင်မယ်ဆိုရင် သင် ဟာ Superuser (SU) ဖြစ်သွားတာကို ဆိုလိုတာပါ။ အဓိပ္ပာယ်ကတော့ သင်ဟာ သင့်ဖုန်းကို အပြည့်ဝချုပ်ကိုင်နိုင်သူဖြစ်တယ်လို့  ဆိုလိုတာဖြစ်ပါတယ်။
16) Kang - ဆိုတာကတော့ ROM တစ်ခု သို့ မဟုပ် Mod တစ်ခုဖြစ်ပါတယ် သို့ ပေမဲ့ ဒီ ROM တွေ Mod တွေကို အခြားသော Developer တွေကဖန်တည်းလိုက်တာဖြစ်ပြီး Code တွေရဲ့ အရေးကြီးသော အစိတ်အပိုင်းအဖြစ်အသုံးပြုပါတယ်။
17) Overclock / Underclock - တို့ ရဲ့အဓိပ္ပာယ်ကတော့ သင့် Install လုပ်လိုက်တဲ့ Kernel တစ်ခုဟာ သင့်ဖုန်းထဲက Processor ရဲ့ Speed ကို နှေးအောင် မြန်အောင်ပြုလုပ်ပေးတာကို ဆိုလိုတာဖြစ်ပါတယ်။ ဖုန်းတော်တော်များများဟာ ထိုဖုန်းများရဲ့ Processor ကိုတိကျတဲ့ Speed တိကျတဲ့နှုံး အတိအကျထဲ့ထားပေးတာပါ (ဥပမာ 2.4 GHz) ဒါကိုသင်က Speed ကိုမြန်ချင်တယ်ဆိုရင် မူရင်း Clock ကို Overclock လုပ်ပေးရမှာဖြစ်ပြီး ဒီလိုလုပ်ပေးခြင်းဖြစ် သင့်ဖုန်းရဲ့ အလုပ် လုပ်ဆောင်မှု နှုံးဟာ မြန်လာမှာဖြစ်ပါတယ် သို့ သော် Battery ကိုပိုစားပါတယ်။ သင်က Underclock လုပ်မယ်ဆိုရင်တော့ အားလုံးဟာ Overclock နဲ့  ရလဒ်ခြင်းဆန့် ကျင်ဘက်ဖြစ်ပါ Processor ကိုနှေးစေပြီး Battery ကိုချွေ တာပေးပြီး အကုန်သက်သာစေပါတယ်။
18) Under Volt (UV) - ဆိုတာက သင်ထဲ့ပေးလိုက်တဲ့ Kernel ကို Enable ဖြစ်အောင်လုပ်ဆောင်ပေးနိုင်တဲ့ အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ် Undervolting လုပ်ပေးခြင်းဖြစ် Processor ခေါ် CPU ရဲ့ဝန်ဆောင်မှု Level ကိုရှော့ချပေးတာဖြစ်ပါတယ် Theory အရပြောရရင် Battery ကိုချွေ တာခြင်လို့  လုပ်ပေးရတာဖြစ်ပါတယ်။
19) APK - ဆိုတာကတော့ Android Application တွေရဲ့ File အမျိုးစား နာမည်ဖြစ်ပါတယ် ဒါတွေကို ဖုန်းတွေထဲမှား Install လုပ်ပေးလို့ ရပါတယ်။ Google Play Store ကနေ Download လုပ်လိုက်တဲ့ Apps အားလုံးဟာ APK Files အဖြစ်လာကြတာဖြစ်ပါတယ်။ APK Files တွေကို ဖုန်းရဲ့ Internal နဲ့  External Memory ကဒ်တွေမှာ Google Play Store ကမဟုပ်ဘဲ အခြားသော Site တွေကနေခေါင်းလုပ် ယူပြီး Install လုပ်တဲ့အခါ Sideloaded ခေါ်ဘေးထွက်ဆိုးကျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့ အတွက် ဖုန်းထဲ့က Setting ကနေ APK File ကိုရှာပြီး ဖွင့်ပြီး Installation Process လုပ်ဆောင်မှုကို Enable ပြောင်းပေးထားနိုင်ပါတယ်။
20) Odex / DeOdex - DeOdexing APKs ဆိုတာကတော့ Developers တွေက Themes ဖန်တည်းသူများရဲ့ မူမတူတဲ့ Theme တွေရဲ့ APKs တွေကို လိုက်ဖက်ညီပြီး သဟဇာတဖြစ်အောင် ဆောင်ရွက်ပေးတဲ့နည်းဖြစ်ပါတယ်။ အင်္ဂလိပ်စား ကျွ မ်းကျင်သူများ very good explanation မှာ Odex / DeOdex ကိုထပ်မံလေ့လာနိုင်ပါတယ်။
22) ADB - ဆိုတဲ့စကားရပ်ဟာ Advance Debug Bridge ကိုအတိုကောက်ရေးထားတာပါ သူဟာ Android SDK အုပ်စုထဲမှာပါဝင် Tool တစ်မျိုးဖြစ်ပါတယ်။ ADB ဟာသင့်ရဲ့ဖုန်း ဒါမှမဟုပ် ဖုန်းထဲက Software တွေကို ပြင်ဆင်လိုတဲ့အခါ PC ကိုအသုံးပြုပြီး PC မှတဆင့် ပြု ပြင်နိုင်ပါတယ်။ ADB ဟာ အဓိကအားဖြစ့် Developers များအတွက် သူတို့ ရဲ့ Apps ကိုဖန်တည်းရန် နှင့် စမ်းသပ်ရန်အတွက်ဖြစ်ပါတယ် ဒါပေမဲ့ ဒါကို Hacker ဖြစ်လိုသူများ လည်းဘဲ အသုံးပြုနို င်ပါတယ် သင့်ရဲ့ဖုန်းထဲကို ကွန်ပျူ တာ ထဲကနေ ဝင်ရောက်ပြီး အချို့ သော စေခိုင်းလုပ်ဆောင်မှု တွေက လည်ပတ်နို င်ဖို့ ရန် အထောင့်အပန့်  ပေးပါနိုင်ပါတယ်။
.....................
ကောင်းပြီ ခုဆိုရင် Hacker ဖြစ်ချင်သူ Root ဖေါက်ချင်သူ ပေါက်စများ အတွက် မရင်းနှီးသော စိမ်းနေသော ဝေါဟာရများနဲ့  ထိုက်သင့်သလောက် ရှင်းလင်းပြောပြပြီး ပါပြီ ဒီအတွက် စာဖတ်သူအနေနဲ့ လည်း ထိုက်သင့်တဲ့ နားလည်မှုမျိုး ရပြီလို့ ယူဆပါတယ် ဒီထက်ပိုမိုရှင်းလင်းတင်ပြပေးနိုင်ရန်လည်း ကြိုးစားပါအုန်းမယ် တကယ်စိတ်ဝင်စားပြီး Root ဖေါက်နည်းကို တပ်မြောက်အောင်မြင်လိုပါက Android တွေနဲ့  ပါတ်သက်တဲ့ Forums တွေထဲကို ဝင်ရောင်မေးမြန်း လေ့လာတာမျိုးလုပ်ဖိုလိုပါတယ် သင်သိထားရမှာက သင့် ဖုန်း ဟာ Break ဖြစ်ပြီဆိုရင်တော့ ဒါဟာသင်ကိုတိုင်ရဲ့ အမှားဆိုတာ သင် သိထားဖို့ လိုပါတယ်။ သင်သိလိုသမျှ တွေကို XDA Developers မှာ ဝင်ရောက်လေ့လား ခြင်းဖြစ် Root ဖေါက် တဲ့ Hacker တစ်ယောက်အဖြစ် ပျော်နိုင် ပါစေ။ ထပ်မန်ပြင်ဆင်ဖြည့်စွက်ခြင်းများဖြစ် ကြိုးစားပါအုန်းမည်။
မူရင်းလင့်လေ့လာလိုက
http://www.talkandroid.com/guides/beginner/android-rom-and-rooting-dictionary-for-beginners/
အဆင်ပြေပါစေ
Credit: Org